Install ပြုလုပ်ခြင်း

Install ပြုလုပ်ခြင်း

{video} Laracasts provides a free, thorough introduction to Laravel for newcomers to the framework. It's a great place to start your journey.

Server လိုအပ်ချက်များ

Laravel framework မှာ system လိုအပ်ချက်တစ်ချို့ရှိပါတယ်။ ထိုလိုအပ်ချက်များကိုဖြည့်ဆည်းပေးဖို့ Laravel မှပြုလုပ်ထားတဲ့ virtual machine Laravel Homestead တစ်ရှိပါတယ်၊ ဒါကြောင့်မလို့ သင့် Local Development အတွက် Homestead ကိုအသုံးပြုဖို့အကြံပြုထောက်ခံပါသည်။

သို့သော်လည်း သင်က Homestead မသုံးလိုဘူးဆိုလျှင် သင့် server ကအောက်ဖော်ပြပါ လိုအပ်ချက်များနှင့်ကိုက်ညီပါသလားဆိုတာကိုကြည့်ရမှာဖြစ်ပါတယ် -

  • PHP >= 7.1.3
  • OpenSSL PHP Extension
  • PDO PHP Extension
  • Mbstring PHP Extension
  • Tokenizer PHP Extension
  • XML PHP Extension
  • Ctype PHP Extension
  • JSON PHP Extension
  • BCMath PHP Extension

Laravel အား Install ပြုလုပ်ခြင်း

Laravel က dependencies တွေကိုစီမံခန့်ခွဲဖို့ရာအတွက် Composer ကိုအသုံးပြုပါသည်။ ထို့ကြောင့် Laravel ကိုအသုံးမပြုခင် သင့်စက်မှာ Composer အရင်ဆုံး install လုပ်ထားရပါ့မည်။

Laravel Installer မှတစ်ဆင့် Install ပြုလုပ်ခြင်း

ပထမဦးစွာ အောက်ဖော်ပြပါ command အတိုင်း Composer အသုံးပြုပြီး Laravel installer ကို download လုပ်ပါ -

composer global require laravel/installer

Composer ရဲ့ vendor directory ကို system-wide bin directory ဖြစ်အောင်အောက်ဖော်ပြပါ code ကို သင့်ရဲ့ PATH ဖြစ်တဲ့ ~/.bash_profile သို့မဟုတ် ~/.bashrc မှာကူးယူထည့်သွင်းပါ။ ထို့နောက် source ~/.bash_profile သို့မဟုတ် soruce ~/.bashrc ဆိုပြီး active လုပ်ပေးလိုက်ပါ။

export PATH=~/.composer/vendor/bin:$PATH

Install လုပ်လို့ပြီးသွားပြီဆိုလျှင်၊ laravel new command က laravel installation အသစ်စက်စက်တစ်ခုကို သင်သတ်မှတ်တဲ့ directory မှာ install လုပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် laravel new blog က blog ဆိုတဲ့ directory ထဲမှာ Laravel ရဲ့လိုအပ်တဲ့ depencies တွေနှင့်အတူ laravel ကို install လုပ်သွားမှာဖြစ်ပါတယ် -

laravel new blog

Composer Create-Project မှတစ်ဆင့် Install ပြုလုပ်နည်း

နောက်တစ်နည်းအားဖြင့် Composer ရဲ့ create-project command ကိုအသုံးပြုပြီးတော့ install ပြုလုပ်နိုင်ပါတယ် -

composer create-project --prefer-dist laravel/laravel blog

Local Development Server

သင့်စက်မှာ PHP install ပြုလုပ်ထားပြီးလျှင် PHP ရဲ့ built-in ပါတဲ့ development server ကိုအသုံးပြုပြီးတော့ သင့် application ကို serve လုပ်နိုင်ပါတယ်။ server command က development server ကို http://localhost:8000 မှာစတင်စေမှာဖြစ်ပါတယ် -

php artisan serve

ဒါပေါ့ပိုမိုအားကောင်းတဲ့ development options တွေဖြစ်တဲ့ Homestead နှင့် Valet တို့လည်းရှိပါတယ်။

Configuration

Public Directory

သင် Laravel ကို install လုပ်ပြီးတဲ့အခါမှာတော့ သင့် web server ရဲ့ document / web root ကို public directory ကို configure ဖို့လိုအပ်ပါ့မည်။ public directory ထဲမှာရှိတဲ့ index.php က သင့် application ဆီလာတဲ့ HTTP requests တွေအားလုံးရဲ့ front controller အဖြစ် serve လုပ်မှာဖြစ်ပါတယ်။

Configuration Files

Laravel framework ရဲ့ configuration files တွေအားလုံးဟာ config directory ထဲမှာ store လုပ်ထားမှာဖြစ်ပါတယ်။ Option တစ်ခုချင်းဆီအတွက်ဘာလုပ်ရမလဲဆိုတာအားလုံးရေးထားပြီးသားဖြစ်တဲ့အတွက် options တွေနှင့်ရင်းနှီးသွားအောင် စိတ်ကြိုက် files တွေဆီသွားပြီးမွှေနှောက်ကြည့်လိုက်ပါတော့။

Directory Permissions

Laravel ကို install လုပ်ပြီးတဲ့အခါမှာတော့ permission တစ်ချို့ configure ဖို့လိုအပ်ပါလိမ့်မယ်။ storage directory နှင့် bootstrap/cache directory တွေကို web server သို့မဟုတ် Laravel မှာ writable ဖြစ်ဖို့လိုအပ်ပါ့မယ် အဲ့လိုမဟုတ်လျှင် Laravel က Run မှာမဟုတ်ပါဘူး။ သင်က Homestead](/docs/5.7/homestead) virtual machine သုံးတယ်ဆိုလျှင် ထို permissions တွေကအဆင်သင့်ပြင်ဆင်ပြီးသားပါ။

Application Key

Laravel ကို install လုပ်ပြီးနောက်ထပ်အဓိကလုပ်သင့်တာကတော့ သင့် application key ရဲ့ random string ကို set လုပ်တာပါဘဲ။ သင်က Laravel ကို Laravel Installer ကနေ သို့မဟုတ် Composer ကနေ install လုပ်ထားတာဆိုလျှင် php artisan key:generate command ကိုသုံးပြီးတော့ အဲ့ဒီ့ key ကသင့်အတွက် set လုပ်ထားပြီးပါပြီ။

ပုံမှန်အားဖြအဲ့ key က 32 charaters ရှိပါတယ်။ .env ထဲမှာအဲ့ဒီ့ key ကို set လုပ်နိုင်ပါတယ်။ သင်က .env.example ကို .env အဖြစ်အမည်မပြောင်းရသေးလျှင်အခုဘဲပြောင်းသင့်ပါတယ်။ application key က set မလုပ်ရသေးဘူးဆိုလျှင် သင့် user ရဲ့ session သို့မဟုတ် encrypted data တွေကခြုံမှာမဟုတ်ပါဘူး။

အပိုဆောင်း Configuration များ

Laravel မှာတစ်ခြား configuration ထွေထွေထူးထူးလုပ်စရာမလိုပါဘူး။ သင့်စိတ်ကြိုက် development စတင်နိုင်ပါပြီ။ သို့သော်လည်း config/app.php fille နှင့် ထို file ထဲက documencation ကို သင်ပြန်လည်သုံးသပ်ဖို့လိုအပ်ပါလိမ့်မယ်။ အဲ့ဒီ့ file မှာ options တွေများစွာပါဝင်ပါတယ်။ ဥပမာ timezone နှင့် locale တို့လိုသင့် Application ပေါ်မူတည်ပြီးပြောင်းနိုင်တာမျိုးတွေပေါ့။

သင့်အနေဖြင့် Laravel ၏နောက်ထပ်အစိတ်အပိုင်းများကို configure လုပ်ချင်လုပ်နိုင်ပါတယ်၊ ဥပမာ -

Web Server Configuration

URL လှလှလေးလိုချင်တယ်

Apache မှာဆို URL အောင်ဘယ်လိုလုပ်လို့ရမလဲ

Framework ထဲက public/.htaccess ကို URL မှာ index.php မပါအောင်ဖျောက်ထားပေးမှာဖြစ်ပါတယ်။ တကယ်လို့သင့် ရဲ့ Laravel application က Apache ကိုသုံးတယ်ဆိုရင် mod_rewrite ကို enable လုပ်ဖို့မမေ့ပါနဲ့ဦး။

တကယ်လို့ .htaccess file က သင့် Application မှာအလုပ်မလုပ်ဘူးဆိုရင် အောက်ကတစ်ခုကိုစမ်းကြည့်လိုက်ပါ:

Options +FollowSymLinks -Indexes
RewriteEngine On

RewriteCond %{HTTP:Authorization} .
RewriteRule .* - [E=HTTP_AUTHORIZATION:%{HTTP:Authorization}]

RewriteCond %{REQUEST_FILENAME} !-d
RewriteCond %{REQUEST_FILENAME} !-f
RewriteRule ^ index.php [L]

Nginx

Nginx မှာဆိုရင်အောက်ကညွှန်ကြားချက်ကို လိုက်လုပ်လိုက်တာနဲ့ URL လှလှလေးတွေရပါတယ်

location / {
    try_files $uri $uri/ /index.php?$query_string;
}

သင်က Homestead တို့ Valetတို့သုံးတာဆိုလျှင် URL လှလှလေးဖြစ်ဖို့လုပ်ပြီးသားပါ။