Laravel ကိုစတင်တပ်ဆင် အသုံးမပြုခင် လိုအပ်တဲ့ development setup လုပ်ဖို့ရာ ရေးသား ဖော်ပြသွားမှာဖြစ်ပါတယ်။ Laravel ကို install စတင်ပြုလုပ်တော့မယ်ဆိုရင် အောက်ဖော်ပြပါ လိုအပ်ချက်များကို အရင်ဦးဆုံး install လုပ်ထားပေးမှရပါမယ်။
- PHP 7.2.5 သို့မဟုတ်သူနှင့်အထက်
- BCMath PHP Extension
- Ctype PHP Extension
- Fileinfo PHP Extension
- JSON PHP Extension
- Mbstring PHP Extension
- OpenSSL PHP Extension
- PDO PHP Extension
- Tokenizer PHP Extension
- XML PHP Extension
အထက်ဖော်ပြပါလိုအပ်ချက်တွေ အကုန်လုံးကို စုပေါင်းထားတဲ့ Laravel Homestead ဆိုတဲ့ Vagrant box ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ homestead ကြောင်းကိုမရေးသေးဘဲ Window အတွက်ဘယ်လို Install လုပ်မလဲဆိုတာရေးသားသွားမှာဖြစ်ပါတယ်။
Window မှာ Laravel ကို Install မလုပ်ခင် အထက်မှာဖော်ပြထားတဲ့လိုအပ်ချက်တွေကိုအရင် Install လုပ်ရမှာဆိုတော့ XAMPP ကိုအရင်ဦးစွာ install လုပ်လိုက်ပါ။ ဒီနေရာမှာသတိထားရမှာက ကိုယ့်စက်မှာ XAMPP ရှိပြီးသားဆိုရင် PHP version က 7.2.5 နှင့်အထက်လားဆိုတာကိုပါ။ သူ့ထက် version နိမ့်ရင်တော့ XAMPP ကို Upgrade လုပ်မှရပါ့မယ်။ XAMPP မှာ Laravel ကလိုအပ်တဲ့ PHP extensions တွေကိုလည်းထည့်သွင်းပေးထားပြီးသားဖြစ်ပါတယ်။
Install XAMPP on Window
Window မှာ Laravel ကို Install မလုပ်ခင် အထက်မှာဖော်ပြထားတဲ့လိုအပ်ချက်တွေကိုအရင် Install လုပ်ရမှာဆိုတော့ XAMPP ကိုအရင်ဦးစွာ install လုပ်လိုက်ပါ။ ဒီနေရာမှာသတိထားရမှာက ကိုယ့်စက်မှာ XAMPP ရှိပြီးသားဆိုရင် PHP version က 7.2.5 နှင့်အထက်လားဆိုတာကိုပါ။ သူ့ထက် version နိမ့်ရင်တော့ XAMPP ကို Upgrade လုပ်မှရပါ့မယ်။ XAMPP မှာ Laravel ကလိုအပ်တဲ့ PHP extensions တွေကိုလည်းထည့်သွင်းပေးထားပြီးသားဖြစ်ပါတယ်။
Install Composer on Window
XAMPP install လုပ်ပြီးသွားပြီဆိုရင်တော့ Composer install လုပ်ရပါ့မယ်။ ဘာလို့လည်းဆိုတော့ Laravel က composer သုံးပြီးတော့သူ့ရဲ့ dependencies တွေကို manage လုပ်တာကြောင့်မလို့ပါ။
အခုကျွန်တော်က Laravel အကြောင်းကိုအဓိကထားပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ Composer အကြောင်းကိုအသေးစိတ်ရေးပြမထားပါဘူး။ Composer အကြောင်းကိုအသေးစိတ်သိရှိဖို့ရာအတွက် official documencations ကိုဖတ်ဖို့တိုက်တွန်းလိုပါတယ်။
Composer ကို Window မှာ install လုပ်ဖို့ရာအတွက် Composer Window Installer ကို download လုပ်ပြီးတော့ Setup လုပ်လိုက်ပါ။ Composer setup လုပ်တဲ့အချိန်မှာသတိထားရမှာက PHP Path ရွေးတာကိုပါ။
ကျွန်တော်မှာဆိုရင် xampp ကို install လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ C:\xampp\php\php.exe
ကိုရွေးပေးခဲ့တာဖြစ်ပါတယ်။ XAMPP/Composer Installation လုပ်ပြီးသွားပြီဆိုရင် Laravel installation စတင်လို့ရပါပီ။
Laravel install လုပ်တဲ့နေရာမှာ Laravel installer ကနေလုပ်လို့ရသလို Composer create project နှင့်လည်းလုပ်လို့ရပါတယ်။ ကျွန်တော်တို့ နှစ်ခုစလုံးနှင့်လုပ်ပြမှာဖြစ်ပါတယ်…
Laravel Installer ကိုအသုံးပြုခြင်း
ပထမဦးဆုံး Composer ကိုသုံးပြီးတော့ Laravel installer ကိုထည့်သွင်းမယ်…
composer global require laravel/installer
ဒီနေရာမှာ ကျွန်တော်တို့သတိထားရမှာက Composer ရဲ့ system-wide vendor bin က executable $PATH အတွင်းမှာရှိမယ်။ Window အတွက်ဒီကောင် setup လုပ်ကတာနည်းနည်းတိုင်ပတ်တက်တယ်။ Setup လုပ်တာ success ဖြစ်တယ်ဆိုရင် laravel ဆိုပြီး terminal ကခေါ်လိုက်ရင် Laravel Installer *.*.* ဆိုပြီးကျလာပါ့မယ်။ အခုဆိုရင် Laravel installer ကို install လုပ်ပြီးသွား ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Laravel ကို Laravel installer ကိုသုံးပြီးတော့ install လုပ်လို့ရပါပြီ။
ကျွန်တော့်ကတော့ ကျွန်တော့် Projects တွေကို home-code
ဆိုတဲ့ directory ထဲမှာထားတဲ့အတွက် terminal ကနေ ~/home-code
ကို cd
နှင့်ဝင်လိုက်ပါတယ်။ ပြီးရင် laravel new helloworld
ဆိုပြီး command line ကနေ run လိုက်ပါတယ်။ ပြီးရင် folder ထဲကိုဝင်ပြီးတော့ php artisan serve
ဆိုပြီး run လိုက်ပါ။
အထက်ဖော်ပြပါအတိုင်း result ကျလာမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ browser ကနေ localhost:8000 ကို terminal ကနေခေါ်လိုက်ရင်အောက်ဖော်ပြပါအတိုင်း Laravel ရဲ့ default page ကိုမြင်ရမှာဖြစ်ပါတယ်။
Composer Create Project ကိုအသုံးပြုပြီး Laravel ကို install လုပ်ခြင်း
မှတ်ချက်။ Laravel ရဲ့ storage directory ကို server က read-write access ရှိရမှာဖြစ်ပါတယ်။ တကယ်လို့ storage permission error တက်နေရင်အောက်ဖော်ပြပါ command ကို run နိုင်ပါတယ်။
sudo chgrp -R www-data storage bootstrap/cache
sudo chmod -R ug+rwx storage bootstrap/cache
တစ်ခြား File permission နှင့်ပတ်သတ်တဲ့ တစ်ခြား errors တွေကိုလည်း ဒီ Link မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ Laravel ကို Laravel installer အသုံးပြုပြီးတော့ install လုပ်ပြီးသွားပါပြီ။ နောက်တစ်အဆင့်ကတော့ Composer ရဲ့ create project ကို တိုက်ရိုက်သုံးပြီးတော့ install လုပ်တဲ့နည်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။
Composer Create Project ကိုအသုံးပြုပြီး Laravel ကို install လုပ်ခြင်း
ဒီနည်းက composer ရဲ့ create-project ဆိုတဲ့ command ကိုအသုံးပြုပြီးတော့ Laravel ကို install လုပ်တာဖြစ်တဲ့အတွက် တကယ့်ကိုလွယ်ကူပါတယ်။ Create Project နှင့် composer ကို install လုပ်ဖို့ရာတွက် အောက်ဖော်ပြပါ command ကို terminal ကနေ run နိုင်ပါတယ်။
composer create-project --prefer-dist laravel/laravel helloworld
ပြီးသွားပြီဆိုလို့ရှိရင် terminal ကနေ cd နှင့် helloworld folder ထဲကိုဝင်ပြီးတော့ php artisan serve ဆိုပြီး run လိုက်ပါ။ အခု browser ကနေ localhost:8000 ကိုခေါ်လိုက်လို့ရှိရင် Laravel installer နှင့် install လုပ်လိုက်တုန်းကလိုဘဲ Laravel ရဲ့ Default Page ကိုမြင်ရမှာဖြစ်ပါတယ်။
အခုဆိုရင် Laravel ကို ဘယ်လိုတပ်ဆင်အသုံးပြုမလဲသိသွားလောက်ပါပြီ။
Hey, I am Set Kyar Wa Lar. Software Engineer at Carro. Maintainer of Laravel Myanmar and creator of MyanmarDevJobs.